Quantcast
Channel: သမိုင်းပုံရိပ်
Viewing all articles
Browse latest Browse all 227

ဇင်းမယ်စစ်ပွဲအပြီး ရခိုင်သို့ ထပ်မံစစ်ချီရခြင်းအကြောင်း

$
0
0
အနောက်ဘက်လွန်မင်းမှ ဇင်းမယ်သို့ ချီတက်သွားကြောင်း ယိုးဒယားမင်းကြားသိလျှင် တနင်္သာရီသို့ အပြင်းချီတက်လာ၏။ သို့သော်လည်း တနင်္သာရီတွင် မင်းရဲသီဟသူ နှင့် မင်းရဲကျော်ထင် ဦးဆောင်သော အင်းဝတပ်များမှ အပြင်းအထန်ခုခံလေရာ ယိုးဒယားမင်းမှ မထိုးဖောက်နိုင်ဘဲ တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားရလေ၏။

ထိုသတင်းကို အနောက်ဘက်လွန်မင်းကြားလျှင် သဘောကျသဖြင့် မင်းရဲသီဟသူကို ချီးမြှောက်လေ၏။ အင်းဝတပ်များ ဇင်းမယ်သို့ ချီတက်လာကြောင်းကို သိသောဇင်းမယ်ဘုရင်သည် လင်းဇင်းမှ စစ်ကူအမြှောက်အများခေါ်ယူားကာ မြို့ကို အခိုင်အမာလုပ်ပြီး အနောက်ဘက်လွန်မင်းအလာကို စောင့် နေ
လေ၏။

ဇင်းမယ်မြို့ကိုရောက်သော် ရှေးဘုရင်တို့လုပ်ထုံးအတိုင်းကို မြို့ကို ၀ိုင်းရံထားလေ၏။ လေးလလောက်ကြာ
သော် အစာရေဆာ မလုံလောက်သဖြင့် မှူးမတ်များကိုခေါ်ကာ တိုင်ပင်လေ၏။ ထိုအခါ ဗဒုံစားမှ မကျန်းမာ သူများကို တဖြည်းဖြည်း ပြန်စေ၊ ကျန်းမာသူများကို ဇင်းမယ်မြို့ရိုးထက်ကြီးအောင် မြေဖြင့် ပြုလုပ်သော
 မြို့ရိုးကြီးများကို ဆောက်စေကာ ထိုမြို့ရိုးကြီးများမှ တံတားဖွဲ့ပြီး ၀င်တိုက်ပါမည် ဟု လျှောက်ထားလေ၏။

ထိုအကြံကို ဘုရင်မှ သဘောကျသဖြင့် ဗဒုံစားကို တာဝန်ပေးလေ၏။ ဗဒုံစားလည်း လင်းဇင်းမြို့ရိုးသမျှ ကြီး အောင်မြေကြီးများကို ဖို့စေလေသည်။ ထိုသို့ ကြီးမားသော မြို့ရိုးကို ဇင်းမယ်အမတ်များတွေ့လျှင်
ကြောက်လန့်ကြလေ၏။ ထိုသတင်းကြားလျှင် ဇင်းမယ်လက်အောက်ခံ မောက်နန်းမြို့ စားမှ ဆန်များဖြင့် အညံခံလေ၏။ ငါးရက်ခန့်ရှိသော် ဇင်းမယ်အမတ်များလုပ်ကြံမူကြောင့် ဇင်းမယ်ဘုရင်သတိုးကျော် လွန်ကာ ဘုရင့်ကျက်သရေဆင်တော်နှင့် ရွှေငွေများစွာကို တင်ကာ အနောက်ဘက်လွန်မင်းထံ အညံခံကြလေသည်။

အနောက်ဘက်လွန်မင်းလည်း ဗဒုံမင်း၏ ဥာဏ်ပညာကြောင့် စစ်မတိုက်လိုက်ရဘဲ ဇင်းမယ်ကို ရသည်ဟု ဆိုကာ သဘောတော်ကျသဖြင့် သက်တော်ရှည်ဘွဲ့ပေးလေ၏။ အရင်ဆုံးအညံခံဝင်လာသော မောက်နန်း
မြို့စားကိုလည်း ဇင်းမယ်ဘုရင်ခံအဖြစ် ခံအပ်လေ၏။

အနောက်ဘက်လွန်မင်းလည်း ဇင်းမယ်တွင် အတန်ကြာနေပြီးနောက်  အေဒီ ၁၆၁၅ မေလ တွင် ဇင်းမယ် မှ ပြန်တော်မူလေသည်။ ထိုနောက် အင်းဝနေပြည်တော်သို့ ရောက်ပြီး တိုင်းရေးပြည်မူကို လုပ်နေစဉ်  စက်တင်ဘာလအရောက်တွင် ရခိုင်ဘုရင်မှ အင်းဝဘုရင်၏ ရွှေကွမ်းအစ်ကို ပေးလှည့်ပါဟု စာဖြင့် ရန်စသည့်သဘောဖြင့် တောင်းလာသောကြောင့် အနောက်ဘက်လွန်မင်း သည်အလွန် ဒေါသထွက်ကာ ရခိုင်ကို စစ်ချီရန် အမိန့်ထုတ်ပြန်လေ၏။

Viewing all articles
Browse latest Browse all 227

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


တိုင်းနဲံ့ ပြည်နယ်အလိုက် (၁၀)တန်းအောင်စာရင်း အွန်လိုင်းမှ ကြည့်နိုင်ပြီ


ဥပဒေဆိုင်ရာစာအုပ်များ ဆိုင်ရာ Link


သိကြားရှိခိုးခံ သူများ


တာချီလိတ်မြို့နယ်၏ ၂၀၁၄ခုနှစ် ဇွန်လအတွက် GSM ဖုန်းကဒ်ပေါက်မဲ စာရင်းများ


တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့်...


ဟံသာဝတီအိမ်ရှေ့စံမင်းသား ၏ နောက်ဆုံးတိုက်ပွဲ


ခင်ဗျားတွေပြောတဲ့ စစ်ခွေး ၉/၁၁ မှာ အသက်ပေးသွားပြီ


ဗိုလ်ဇော်မျိုးထက်နှင့် တပ်မတော်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှု ကေအိုင်အေထံ...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင် သတ်မှတ်ဈေးနှုန်းများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


တရုတ်နတ်သမီးဆယ်ယောက်

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>