Quantcast
Channel: သမိုင်းပုံရိပ်
Viewing all articles
Browse latest Browse all 227

သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း

$
0
0
အနောက်ဘက်လွန်မင်းသည် ရခိုင်ဘုရင်၏ စာသံကြောင့်ဒေါသအမျက်ထွက်ကာ ရခိုင်သို့ ချီရန် ရာဇသင်္ကြ ဘွဲ့ရအမတ်ကို စစ်ကဲမှူးခန့်ပြီး စစ်အင်အား ငါးသောင်းဖြင့် သံတွဲသို့ချီတက်စေလေ၏။ သံတွဲစားလည်း ချီတက်လာသော အင်းဝတပ်များကို ခုခံလေ၏။သို့သော်လည်း အင်အားမမျှတသဖြင့် သံတွဲမြို့ရိုးပျက်ကာ သံတွဲကို ရလေ၏။ အနောက်ဘက်လွန်မင်းလည်း သံတွဲစားကိုသာ ဖမ်းပြီး ပြန်လာရန် အမိန့်ထုတ်ပြန်လေ၏။

အနောက်ဘက်လွန်မင်းသည် စစ်သည်များစစ်ပန်းနေသဖြင့် စစ်ချီခြင်းမပြုဘဲ ဟံသာဝတီမြို့ ဟောင်းရှိ
စေတီတော်များကို ပြုပြင်လေ၏။ ပုညစေတီ ဘုရားရှင်ကိုလည်း ရွှေသင်္ကန်းကပ်တော်မူ၏။ အေဒီ ၁၆၁၇ ဒီဇင်ဘာ ၁၂ တွင် မဏိပူရအနောက်ဘက်ရှိ ကချာပြည်ထောင် မှ သံအဖွဲ့များ သံလျင်သို့ရောက်လာ
ကြောင်း နေပြည်တော်သို့သတင်းပို့သဖြင့် အခမ်းအနားဖြင့် ကြိုရန် အမိန့်တော်ပြန်လေ၏။

ထိုနောက် ဂေါ်ကွန်းဒါး ပြည်ထောင် (Golconda Kingdom-India) မှ သံအဖွဲ့လည်းထပ်မံ
 ရောက်လာပြန်၏။ ထိုနှစ်ထဲတွင် ဂိုအာရှိ ပေါ်တူဂီဘုရင်ခံ Goa Viceroy ၏သံအဖွဲ့လည်း အင်းဝ သို့ ရောက်လာပြန်၏။ အနောက်ဘက်လွန်မင်းလည်း သံအမတ်များကို အခမ်းအနားဖြင့် ကြိုဆိုလေ၏။

အနောက်ဘက်လွန်မင်းသည် ကျိုင်းတုံစော်ဘွား၏ ပန်ကြားမူဖြင့် ကျိုင်းရုံးနှင့်ကျိုင်းခေါင်းကို ချီတက်တိုက်ခိုက် သိမ်းပိုက်လေ၏။ ထိုနောက် ထိုနယ်များကို ကျိုင်းတုံစော်ဘွားလက်အောက်တွင်ထားကာ
နေပြည်တော်သို့ ပြန်လေ၏။ ကျိုင်းတုံစော်ဘွားလည်း မိမိ၏သမီးတော်မင်းသမီးကို အနောက်ဘက်လွန်မင်း
နှင့်လက်ဆက်စေလေ၏။

ထိုနောက်နေပြည်တော်သို့ ပြန်လေ၏။ မင်းကြီး၏ ဗေဒင်တတ်တို့မင်းကြီးဇာတာမကောင်းဟု ဟောကြ သဖြင့် ဇာတာကောင်းစေရန် ဟံသာဝတီတွင် ယာယီနန်းဆောက်ကာ နေလေ၏။ ထိုအချက်ကို အခွင့်ကောင်းယူပြီး သားတော် မင်းရဲဒိဗ္ဗမှ လုပ်ကြံသဖြင့် နတ်ရွာစံလေ၏။ လုပ်ကြံရခြင်းအကြောင်းမှ မင်းကြီးကျိုင်းတုံမှအပြန် လက်ထပ်လာသော ဂုံရှမ်းမင်းသမီးကို မင်းရဲဒိဗ္ဗမှ ချစ်ကြိုက်ကာ မင်းသမီးနှင့် နီးစပ် အောင်ကြိုးစားလေ၏။ 

အနောက်ဘက်လွန်မင်းသည် အသက်ကြီးသူဖြစ်ရာ တိုင်းပြည်အရေးများပြားပြီး မိမိ၏ မိဖုရားများအရေးကို သိပ်ဂရုမပြုမိချေ။ မင်းသားမှ နေ့တိုင်းလာပြီး ပိုးပန်းသဖြင့် မင်းသမီးနှင့် ချစ်ကြိုက်ကြပြီး ၀မ်းတွင် ကိုယ်ဝန်ရှိ လေ၏။ မိန်းမစိုးတို့လည်း ထိုအကြောင်းကို ဘုရင်ထံ လျှောက်တင်ကြလေ၏။ မင်းကြီးလည်း ဂုံရှမ်းမင်းသမီးကို ခေါ်ကာ အကြောင်းအမှန်ကို မေးလေ၏။ မင်းသမီးလည်း ကြောက်သဖြင့် အမှန်အတိုင်း လျှောက်တင်၏။ 

ထိုအခါ မင်းကြီးလည်း သားတော်ကို ခေါ်ပြီး စစ်ဆေးရာ သားတော်မှ ထိုမင်းသမီးကို မိမိ၏ နှလုံးသား ဖြင့် ချစ်ကြိုက်ကြောင်း စသဖြင့် လျှောက်တင်ရာ မင်းကြီးမှ ဘာမှမပြောဘဲ အတွင်းတော်သို့ ၀င်လေ၏။ ထိုသည်ကို မင်းရဲဒိဗ္ဗမှ မင်းကြီးအပြစ်ပေးမည်ကို ကြောက်သဖြင့် မင်းကြီး ယာယီနန်းတွင် စံနေစဉ် မိမိ၏ တပ်သားများကို တိတ်တဆိတ် မင်းကြီးအဆောင်ကို ၀င်ရောက်စီးနင်းစေပြီး လုပ်ကြံစေသဖြင့် နတ်ရွာစံလေ၏။ 



Viewing all articles
Browse latest Browse all 227

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


♪ ဂစ်တာတီးခတ်နည်းစာအုပ်များစုစည်းမှု (မြန်မာလိုစာအုပ်များ) ♫


တိုင်းနဲံ့ ပြည်နယ်အလိုက် (၁၀)တန်းအောင်စာရင်း အွန်လိုင်းမှ ကြည့်နိုင်ပြီ


ဥပဒေဆိုင်ရာစာအုပ်များ ဆိုင်ရာ Link


သိကြားရှိခိုးခံ သူများ


တာချီလိတ်မြို့နယ်၏ ၂၀၁၄ခုနှစ် ဇွန်လအတွက် GSM ဖုန်းကဒ်ပေါက်မဲ စာရင်းများ


တာချီလိတ်မြို့ ဝှေလေလန်ကျေးရွာ၌ ဆေးဝါးအခမဲ့ ကုသပေးခြင်း နှင့်...


ဟံသာဝတီအိမ်ရှေ့စံမင်းသား ၏ နောက်ဆုံးတိုက်ပွဲ


ခင်ဗျားတွေပြောတဲ့ စစ်ခွေး ၉/၁၁ မှာ အသက်ပေးသွားပြီ


ဗိုလ်ဇော်မျိုးထက်နှင့် တပ်မတော်သားအချို့ အကြမ်းဖက်သတ်ဖြတ်ခံရမှု ကေအိုင်အေထံ...


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


ရှမ်းပြည်နယ်အတွင်း ဆိုင်ကယ်လိုင်စင် သတ်မှတ်ဈေးနှုန်းများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


တရုတ်နတ်သမီးဆယ်ယောက်

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>