Quantcast
Channel: သမိုင်းပုံရိပ်
Viewing all articles
Browse latest Browse all 227

ဖခမည်းတော်ကို သတ်သော သားတော်မင်းရဲဒိဗ္ဗ

$
0
0
အနောက်ဘက်လွန်မင်းကို သားတော် မင်းရဲဒိဗ္ဗမှ လုပ်ကြံသဖြင့်သက်တော် ၅၁ တွင်နတ်ရွာစံလေ၏။ မင်းကြီးတွင် မိဖုရားမှ ဖွားမြင်သော သားတော်မရှိ။ ကိုယ်လုပ်တော်မောင်းမမှ ဖွားမြင်သော သားတော်များ သာရှိလေ၏။ ထိုကိုယ်လုပ်တော်များသည် မိဖုရားမဟုတ်သဖြင့် မင်းကြီးသည် အိမ်ရှေ့စံရာထူးကို မည်သူကိုမှ ပေးအပ်ထားခြင်းမရှိပေ။ မင်းကြီးနတ်ရွာစံသော် နန်းတော်တွင် မည်သူ့ကိုနန်းတင်ရန် အမတ်များမှ ဆွေးနွေးတိုင်ပင်ကြလေ၏။ မင်းရဲဒိဗ္ဗကို ထောက်ခံသော အမတ်များသောကြောင့်
မင်းရဲဒိဗ္ဗသည် ဟံသာဝတီယာယီနန်းတော်တွင်ဘုရင်အဖြစ် ဘိသိတ်ခံလေ၏။ 

အင်းဝနေပြည်တော်ရှိ အရီးတော် မိဖုရားခေါင်ကြီးကိုလည်း အနောက်ဘက်လွန်မင်း နတ်ရွာစံပြီး သားတော် မင်းရဲဒိဗ္ဗမှ ဘုရင်ဖြစ်ကြောင်းကို စာဖြင့်သတင်းပို့လေ၏။ စစ်ကိုင်းနယ်စားကြီး ဥဇနာကိုလည်း သတင်းကြားစေလေ၏။ မင်းရဲဒိဗ္ဗကို ထောက်ခံသော အမတ်များ ကြောက်ရွံသည်မှာ ကျိုင်းရုံးကြီးသို့ စစ်ချီနေသော အနောက်ဘက်လွန် မင်း၏ ညီတော်နှစ်ပါးဖြစ်သည့် မင်းရဲကျော်စွာ နှင့် သတိုးစည်သူ ဖြစ်၏။ ထိုညီတော်နှစ်ပါးကို အမတ်များ မယုံကြည်သဖြင့် အနောက်ဘက်လွန်မင်း၏ အမိန့်တော် အတုနှစ်ခုစေလွှတ်လေ၏။

မင်းရဲကျော်စွာသို့ အမိန့်တော်မှာ"သတိုးစည်သူသည် မသင့်မတင့်သော အကြံအစည်ကို ကြံသည် ဖမ်းပြီး လုပ်ကြံစေ "ဟုစေပြီး သတိုးစည်သူသို့လည်း "မင်းရဲကျော်စွာသည် မသင့်မတင့်သော အကြံအစည်ကို ကြံသည် ဖမ်းပြီးလုပ်ကြံစေ "ဟု အမိန့်တော်အတုနှစ်ခု စေလွှတ်လေ၏။ သတိုးစည်သူသည် သတိပညာ ရှိသူဖြစ်သဖြင့် ကျိုင်းရုံးကြီးသို့ စစ်မထွက်မီ နန်းတော်တွင် သူလျှို ထားခဲ့၏။ ထိုကြောင့် မင်းကြီးလုပ်ကြံ ခံရချိန်တွင် ထိုသူလျှိုမှ အလျင်အမြန်သတင်းပေးပို့သဖြင့် သတင်းဦးစွာရပြီး ဖြစ်နေ၏။ မင်းကြီး၏ အမိန့်တော်အတုရောက်ချိန်တွင် အတုမှန်းသိလေ၏။ သို့သော် မင်းရဲကျော်စွာမှာမူ စစ်ကြောင်း နောက်တခု ဖြင့် ချီနေသေဖြင့် မသိ၊ ထိုအမိန့်ရောက်သော် အစစ်ဟု ထင်မှတ်ပြီး နောင်တော် သတိုးစည်သူကို ဖမ်းရန် ပြင်ဆင်လေ၏။ 

သတိုးစည်သူသည် မိမိ၏ တပ်ကို လှည့်ကာ မင်းရဲကျော်စွာရှိရာ သို့ချီလေ၏။ ညီနှောင်နှစ်ပါး စစ်တပ်နှစ်တပ် လမ်းခုလတ်တွင်တွေ့ကြရာ သတိုးစည်သူမှ အကျိုးအကြောင်းကို သိစေလိုသဖြင့် မင်းရဲကျော်စွာထံ စကားပါးလေ၏။ သို့သော် မင်းရဲကျော်စွာမှ မယုံသဖြင့် နှစ်ဦးနှစ်ဖက် စစ်ဖြစ်ခါနီးတွင် သတိုးစည်သူ၏ လူယုံမှ မင်းရဲကျော်စွာကို ၀င်ဖမ်းသဖြင့် စစ်မဖြစ်လိုက်ရ။ သတိုးစည်သူကိုယ်တိုင် မင်းရဲကျော်စွာကို အကျိုးအကြောင်းသေချာရှင်းပြမှ မင်းရဲကျော်စွာယုံလေ၏။ 

ညီနောင်နှစ်ပါးလည်း အင်းဝနေပြည်တော်ကိုသိမ်းမည်၊ထိုနောက် ဟံသာဝတီသို့ချီကာ မင်းရဲဒိဗ္ဗကို ကွပ်မျက်မည်ဟု ဆွေနွေးကြလေ၏။ ညီနောင်နှစ်ပါးလည်း မိမိတို့တပ်ကို ပူပေါင်းပြီး အင်းဝသို့ ချီတက်လေ၏။ ထိုသို့ ချီတက်နေစဉ် အင်းဝကို စစ်ကိုင်းနယ်စား မင်းရဲဥဇနာမှ ရုတ်တရုက်ဝင်သိမ်း လေ၏။ မိဖုရားခေါင်ကြီးကိုလည်း ဖမ်းဆီးလေ၏။ ထိုသတင်းကို ဟံသာဝတီရှိ မင်းရဲဒိဗ္ဗကြားလျှင် စစ်သည် နှစ်သောင်းကို အင်းဝသို့ စေလွှတ်ပြီး တိုက်စေလေ၏။ မင်းရဲဥဇနာ၏ တပ်များခုခံတိုက်ခိုက်သော်လည်း မခံနိုင်သဖြင့် တပ်ပျက်ကာ ပြေးကြကုန်လေ၏။ 

ရဲမက်တို့လည်း မင်းရဲဥဇနာကို ဖမ်းပြီး ဟံသာဝတီသို့ ပို့ဆောင်လေ၏။ မင်းရဲဒိဗ္ဗလည်း မင်းရဲဥဇနာကို သေဒဏ်ပေးလေသည်။ ထိုနောက် ညောင်ရမ်းမြို့စားသားတော် မင်းသားငညို အား အင်းဝနေပြည်တော်ကို စောင့်ရှောက်ရန် မြို့ဝန်အဖြစ် ခန့်အပ်လေ၏။ မင်းရဲဒိဗ္ဗသည် မိမိ၏ ဦးရီးတော် နှစ်ပါး အင်းဝသို့ စစ်ချီတက်လာနေသည်ကို မသိဘဲ နန်းတွင်းစည်းစိမ်ကို ယစ်မူးပြီး ပျော်ရွှင် နေလေ၏။


Viewing all articles
Browse latest Browse all 227

Latest Images

အသိပေးခြင်း

အသိပေးခြင်း

Trending Articles


All Update Reader 4.0 ဗားရှင်းသစ်ထွက်ပြီ...


စစ်သားဆိုတာ ....


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တာချီလိတ်လူငယ်ပရဟိတဂေဟာသို့ ခရိုင်ပညာရေးကော်မတီမှ ထောက်ပံ့


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တရုတ်နတ်သမီးဆယ်ယောက်


မန္တလေးက ကုလား ပဋိပက္ခ ဖြစ်စဉ် ကျွန်တော် သိသလောက်ပါ


ကာတွန်း ဖိုးတုတ်ကလေး(သံတွဲ) - စစ်ဘေးရှောင်တမ်း ကစားရအောင်


သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း


ကားလိုင်စင်နံပတ်တွေ တိုက်စစ်ချင်သူတွေအတွက် 4P ထိ စစ်လို့ရမယ့် Myanmar Car...


ရင်သားခွဲစိတ်မှု ပြုလုပ်ခဲ့ပြီး ချုပ်ရိုးမကျက်တဲ့ အတွက်ဖြစ်ရတဲ့ ကျန်းမာရေး...


ဥပဒေဆိုင်ရာစာအုပ်များ ဆိုင်ရာ Link


ကျိုင်းတုံမြို့တွင် ခရီးသည်တင်ယာဉ်များအား တစ်လလျှင် ဆယ်ကြိမ်အထက်...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


အနောက်တံခါးဝမှ ကျောင်းဆရာ/မများဘဝ


ဘယ်သူပဲ မုန်းမုန်း ပြန်ချစ်အောင် ယတြာလုပ်မယ်


အခြေခံဥပဒေပြင်လိုသူတွေကို မဘသ သတိပေး

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>